မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်

လှိုင်သာယာ(အနောက်) ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး မြို့နယ်ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဗိုလ်မှူးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့(ခွဲ)ရုံး တာဝန်ရှိသူများက တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံများကို လေ့လာစမ်းသပ်ကြည့်ရှုရန် ပြသပေးကြသည်။

ယင်းနောက် သင်တန်းနည်းပြဆရာများက သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားများကို သင်တန်းပို့ချသင်ကြားကြသည်။ သင်တန်းအမှတ်စဥ် (၁)အား (၁၄-၇-၂၀၂၅)ရက်နေ့မှ  (၁၅-၇-၂၀၂၅)ရက်ထိ ၂ ရက်တာ ပို့ချသင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

​မြို့နယ် (ပြန် /ဆက်)