သတင်းများ

ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၄) လုံးပြောင်းရွှေ့
Dec 10,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင်တွင် ယမန်နေ့ ၁၂ နာရီ ၂၀ မိနစ်အချိန်က ငဝန်မြစ်ရေတိုက်စားမှု‌ကြောင့် လူနေအိမ်(၄)လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကျွန်းကျောင်းတော်ကြီး၏ ပြဿဒ်တော်အထွဋ်၌ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ တင်လှူပူဇော်
Dec 10,2023
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးတောင်၊ မြောက်ဘက်တောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ကျွန်းကျောင်းတော်ကြီး ပြဿဒ်တော်အထွဋ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်‌ကွင်းဆင်းဆေး ကုသပေး
Dec 10,2023
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ကုတင်-၁၀၀ ဆန့် သင်ကြားရေးတိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းပြုလုပ်သော တိုင်းရင်းဆေးပညာအသိပညာပေးဟော ပြောပွဲနှင့်နယ်လှည့်‌‌ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာ၊ စိန်သိန်းဌေးဓမ္မာရုံတွင် ပြုလုပ်ကြသည်။
မန္တလေးမြို့၊ ကျုံးဘေး၊ ရတနာပုံဥယျာဉ်တွင် ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 10,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း၊ ၁၉ လမ်း (နန်းမြို့ရိုးနှင့်ကျုံးအတွင်းရှိ ရတနာပုံဥယျာဉ်တွင် ယမန်နေ့နံနက် ၆ နာရီကကျင်းပပြုလုပ်သည်။
အ.ထ.က မေရီလန်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် အ.ထ.က မေရီလန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်မိတ္တဗလ စသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲပြုလုပ်
Dec 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ပညာရေးဌာနမှကျင်းပသော မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ရွေးချယ်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်အောင်၌ ၂၀၂၃ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ ကျင်းပ
Dec 10,2023
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၂၀၂၃ ခုနှစ် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ မုံရွာကျောင်းတိုက် အုန်းပင်ဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး တစ်လုံး ထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 10,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး တစ်လုံးထိုးဒီဇယ် အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအအနားကိုယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။