စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျင်းပသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်နှင့် အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်မှုအခမ်းအနားကို အမှတ်(၁) အလယ်တန်းကျောင်းခွဲ‌ ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခြေခံပညာအထက်တန်းကျောင်း စေတုတ္တရာမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းသီဆိုဖွင့်လှစ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား စေတုတ္တရာမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးသန်းမြိုင်က ဖတ်ကြားကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အ.ထ.က(စေတုတ္တရာ) ကျောင်းအုပ်ဆရာကြီးတို့က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်၍ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထု‌တ်ဝေသော အမျိုးသားအောင်ပွဲနေ့ လက်ကမ်းများဖြန့်‌ဝေခြင်း၊ အမျိုးသားအောင်ပွဲနေ့အကြောင်းအရာပါ နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)