သတင်းများ

ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲကော်မတီ အစည်းအဝေးကျင်းပ
Dec 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်အောင်မြင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ အစားအစာများလည်း တိုးတက်အောင်မြင်မှု ရရှိစေရန်အတွက် ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာ အစားအစာပြသရောင်းချပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်သုံးဆီပျက်လပ်မှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Dec 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ 
ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.မ.က ကျီးတောရိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 13,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းကို  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ် (၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။
မန်းရွှေစက်တော်ဘုရား ​ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Dec 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့မှစတင်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။
လပွတ္တာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Dec 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် ကြေညာခြင်းကို ယမန်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်
Dec 13,2023
ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံ‌‌ ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ်
Dec 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌  မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပတ်သက်၍  တပ်ဖွဲ့ဝင်ဟောင်းများနှင့် တပ်ဖွဲ့ဝင်သစ်များအား အသိပညာဗဟုတများရရှိစေရန်၊ လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)ကို ယနေ့နံနက် (၉:၀၀)နာရီက ဖွင့်လှစ်ကြောင်း သိရသည်။