တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်သုံးဆီပျက်လပ်မှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

တံတားဦး ဒီဇင်ဘာ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ 

ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးရာ ခရိုင် အုပ်ချုပ်ရေးမှူးက စက်သုံးဆီအရောင်းဆိုင်များမှ ဆိုင်တာဝန်ခံများအား စက်သုံးဆီ ပျက်လပ်မှုမရှိရေး ၊ စက်သုံးဆီများ ချိန်တွယ်ရာတွင် ပုံမှန်ချိန်တွယ်ပေးရေးနှင့် ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးရေး ၊ လျှပ်စစ်မီးအန္တရာယ်ကို အထူးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူအောင်က မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးတို့ အတွက် စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေ့စဉ် မီးလောင်မှု ၊ မီးလန့်မှုများ မဖြစ်ပွားရေး ၊ စက်သုံးဆီ သိုလောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါ မီးငြိမ်းသတ်ဆေးဘူးများ ထားရှိပြီး အသုံးပြုတတ်စေရေး၊ စက်သုံးဆီများတွင် ပြည်သူများအတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိရေးတို့ကို အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားသည် ။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်သုံးဆီများတွင် ထားရှိသည့် ဆီသိုလှောင်ကန်များ စနစ်တကျထားရှိမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)