သတင်းများ

လက်ပံတန်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆောင်ရွက်
Dec 08,2023
ပဲခူးတိုင်းဒေသ​ကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/ မ ရေးရာအခြေပြု အကြမ်းဖက်မှု (Gender Base Violence) အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)လက်ပံတန်း န၀ဒေးခန်းမတွင် ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Dec 08,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ကျောင်းသူ၊ ကျောင်းသားများ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းအခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသင်တန်းကျောင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဆင်း ကျောင်းသား၊ ကျောင်းသူများအား လုပ်ငန်းခွင်အတွင်းဝင်ရောက်လာပါက သိသင့်သိထိုက်သည်များ၊ ဆောင်ရန်/ ရှောင်ရန်များကိုသိရှိစေမည့် လုပ်ငန်းခွင်ဝင်သင်တန်း သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အ-ထ-က ကျောင်းလမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့အတွင်းရှိ လမ်းများကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု လွယ်ကူစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် အမှတ် (၂) ရပ်ကွက်ရှိ စပ်စံထွန်းလမ်း၊ အ-ထ-က ကျောင်းသွယ်အား မြေလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
သာယာဝတီ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် သင်တန်းဖွင့်လှစ်
Dec 08,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ မြေသားလမ်းအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန် ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်း အရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်အတွင်း ပြည်ပနိုင်ငံသား ၂၃၂ ဦးဝင်ရောက်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ ဒီဇင်ဘာပထမပတ်အတွင်း ပြည်ပနိုင်ငံသားခရီးသွားဝင်ရောက်မှု များပြားလာနေပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်၌ လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်း ဆောင်ရွက်
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက (၁၀)ဖြတ်လမ်းရှိ မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။