သတင်းများ

မိုင်းစံမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ပညာရေးမိသားစု စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မဟာဝိဟာရဝိသုဒ္ဓိ မြို့လယ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ယင်းမလွတ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ယင်းမလွတ်၌ ယနေ့နံနက် (၁၀) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကရသူရိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Jul 22,2024
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယနေ့  နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့ အ.ထ.က(၁)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 22,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ကျင်းပသည်။
မြစ်သားမြို့နယ် လျှပ်စစ်ရုံးမှ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာမှ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Jul 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့် ဓာတ်တိုင်များအား တည့်မတ်ခြင်း၊ လျော့ကျနေသည့် လျှပ်စစ်ကြိုးများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်(၁) ရပ်ကွက်နှင့် ကျေးရွာ(၂၄)ရွာမှ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး လျှပ်စစ်ကြိုများနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကျင်းပ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ဝင်‌ငွေရသီးနှံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြစေရန်ရည်ရွယ်၍ ငရုတ်ကောင်းပင် စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်းကားလမ်း လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် စာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်
Jul 22,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည့်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်နေ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ကာ နွေနှမ်းဈေးကွက်၌ ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။