ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပုဗ္ဗသီရိ ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တာ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းတို့ကို အခြေခံပညာကျောင်းများသို့ ငှားရမ်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသစာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျောင်းစာပေအပြင် ပြင်ပဗဟုသုတစာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)