သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်
Feb 23,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောက်ရှောက်မှုပေးခြင်းနှင့်ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချ
Feb 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများရှိ ဝန်ထမ်းများအား တစ်ဦးချင်းအရည်အသွေးများတိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီအချိန်က တမူးခရိုင် လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာ‌‌စောင်များကို ယနေ့နံနက် (၉)နာရီက ရွာငံမြို့အဝင် မောင်းတံဂိတ်၌ ဆောင်ရွက်ခဲ့သည်။
ဂန့်ဂေါမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 (သင်ရိုးသစ်) နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် Grade-5 နှင့် Grade-9 (သင်ရိုးသစ်) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် (၉) နာရီမှ စတင်ကာ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ် ပျဉ်ထောင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 23,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပျဉ်ထောင်ကျေးရွာ ရွာလယ်ဓမ္မရုံတွင် ဆောင်ရွက်ရာ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပါသည်။
ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေ
Feb 23,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများ၊ ဆိုင်ကယ် Taxi ဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေး
Feb 23,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်တို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။