တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

တမူး ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီအချိန်က တမူးခရိုင်  လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။    

အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာမူလတန်းအဆင့် ကာယပြိုင်ပွဲများအဖြစ် ဘောလုံးပေါက်၊ ဇွန်းကိုက်၊ အပ်ထိုး၊ ဆန်ကောရွတ်ပြိုင်ပွဲများနှင့် ဉာဏပြိုင်ပွဲများအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်​​​​ပြော၊ စက္ကူ​ခေါက်၊ ပန်းချီ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပ​ခဲ့ပြီး တက်ရောက် လာသူများအား ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခဲ့သည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူပြိုင်ပွဲများကိုလည်း လစဥ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ