ရွာငံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွာငံ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာ‌‌စောင်များကို ယနေ့နံနက် (၉)နာရီက ရွာငံမြို့အဝင် မောင်းတံဂိတ်၌ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလက်ကမ်းစာစောင်များကို ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ကုန်း၊ ရွာမ၊ ဈေးတန်းရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခရီးသွားပြည်သူများ ကား၊ ဆိုင်ကယ်မောင်းနှင်လိုက်ပါသူများအား သတင်းစကားလက်ကမ်းစာစောင်ပါ "ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ" အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲမှ ကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း စသည့် ဒေသခံပြည်သူများ ပိုမိုနားလည်သဘောပေါက် သိရှိစေရန်နှင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် (၂၀၀)ကို ဖြန့်ဝေပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)