ပေါင်းတည် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ စာစီစာကုံးပြိုင်ပွဲ၌ ၁၅ ဦး၊ ပန်းချီပြိုင်ပွဲ၌ ၁၅ ဦးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဇွန်လ ၆ ရက်နေ့တွင်လည်း အ.ထ.က (ပေါင်းတည်)၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့် ဝန်ထမ်းများက ပြိုင်ပွဲဝင်များအား အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဘောလ်ပင်လက်ဆောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)