ကန်ကြီးထောင့်မြို့နယ်၌ ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေး

ကန်ကြီးထောင့် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ရေဘေးအန္တရာယ်ဆိုင်ရာကြိုတင် ပြင်ဆင်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်လွင်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေး ကိစ္စရပ်များ၊ စုဖွဲ့မှုဆိုင်ရာကိစ္စရပ်များနှင့် ဇာတ်တိုက်လေ့ကျင့်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သောအဖွဲ့သည် ဒါးက-မန္တလေးကုန်းတာ ကြံ့ခိုင်မှု ရှိ/မရှိ အခြေအနေအား သွားရောက် စစ်ဆေးခဲ့ကြရာ တာအခြေအနေမှာ ကြံ့ခိုင်မှုရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)