သတင်းများ

ဒေါက်တာ မတင်ဝင်း၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Feb 27,2020
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ ဒေါက်တာမတင်ဝင်း ၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။
မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု တောင်ငူမြို့၌ ဖြစ်ပွား
Feb 27,2020
တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ စိုက်ပျိုးတောင်သူများအားသဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ်ဖျော်စပ်နည်းစနစ် လက်တွေ့ပြုလုပ်ပြသခြင်း ကွင်းသရုပ်ပြပွဲ​ ကျင်းပ
Feb 27,2020
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်၄ရပ်ကွက်၊ မိတန်ဘုန်းတော်ကြီးကျောင်း အောက်ကွင်း ဦးအညာကိုင်းတော၌ ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှမြင့်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများမှ တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်ပို့ချ
Feb 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌​ ကျင်းပသည်။
စဉ့်ကူးမြို့နယ် မင်းရွာကျေးရွာတွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "ကျေးလက်ဒေသဖွံဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက မင်းရွာကျေးရွာ အုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ)၌ ကျင်းပသည်။
မိုင်းစံမြို့ ဝမ်လီကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိုင်းစံကျးရွာအုပ်စု ဝမ်လီကျးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။
မိုင်းစံ ဖေဖော်ဝါရီ ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိုင်းစံကျးရွာအုပ်စု ဝမ်လီကျးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြ
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Feb 27,2020
ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးရွာရှိကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်းဆောင်ရွက်ပေးနေကြောင်းသိရသည်။