သတင်းများ

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေး
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ယနေ့နံနက် ၉ နာရီက ကြည့်ရှုအားပေးပြီး ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ (၂၁)သိန်း ပေးအပ်ခဲ့သည်။
စည်ပင်သာယာရေးဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအကြောင်း အသိအပညာပေး ဟောပြော
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
(၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရားပွဲတော် ပိတ်ပွဲကျင်းပ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်သော (၉၁) ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီး ပိတ်ပွဲအခမ်းအနားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အုတ်ဖိုမြို့တွင် မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁၂နာရီ ၃၀အချိန်က အိမ်တိုင်ရာ‌‌ရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများ အမွေဆက်ခံလုပ်ကိုင်သည့်မျိုးဆက်သစ်ပညာရှင်မရှိသဖြင့် ပျောက်ကွယ်လာဟုဆို
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာ၊ ကြာပိုင်ကျေးရွာနှင့်ပုရစ်ကုန်းကျေးရွာတို့တွင် အစဉ်အဆက်လုပ်ကိုင်လာသော မြန်မာ့ရိုးရာပန်းဆယ်မျိုးဖြင့်လုပ်ကိုင်သည့် ပန်းပွတ်နှင့် ပန်းတဉ်းလက်မှုပညာရပ်များကို မျိုးဆက်သစ်အမွေဆက်ခံလုပ်ကိုင်သည့် ပညာရှင်များ နည်းပါးလာ သဖြင့် ရေရှည်တွင် ၎င်းပညာရပ်များ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ရှိပန်းပွတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်လျက်ရှိသော ကြာပိုင်ကျေးရွာမှ ပန်းပွတ်ပညာရှင် ဦးစံမောင်၏ ပြောကြားချက်အရ သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြည်သူကြားနာပွဲ ကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ပြည်သူကြားနားပွဲကို ယနေ့နံနက် ၉ နာရီ အချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်၂ဝ၈၃၁ ဦး ဆက်လက် ဖြေဆို
Mar 12,2020
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုပွဲကို ယနေ့ နံနက်၉ နာရီ အချိန်က ကျင်းပရာ ကျောင်းသူ/သား စုစုပေါင်း ၂ဝ၈၃၁ ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။
ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀) ဖွင့်လှစ် သင်ကြား
Mar 12,2020
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေးမြင့်မားတိုးတက်စေရန်အတွက် မတ် ၁၁ ရက်နေ့မှစတင်ပြီး မတ်လ ၂၆ ရက်နေ့အထိ ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀)သင်တန်းကို ပုဂံဌာနခွဲတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။