ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Mar 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရွှေမုဌောဘုရားဓမ္မာရုံတွင် ယမန်နေ့ညနေ (၂) နာရီက မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်နှင့် တာဝန်ရှိသူများသည် ဈေးတန်းရပ်ကွက်နှင့် ကံဦးရပ်ကွက်များရှိ အမျိုသမီးထုနှင့် တွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောဆွေးနွေး ပြုလုပ်ခဲ့ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြို့နယ်အမျိုးသမီး ကော်မတီမှ လုပ်ဆောင်လျက်ရှိသော လူထုအကျိုးပြုလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။