သတင်းများ

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Mar 12,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကံသုံးဆင့်(အ-ထ-က)၊ ကံသုံးဆင့်(အ-မ-က) မြောက်ကျောင်းနှင့် ထန်းကုန်း(အ-မ-က) ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
Mar 12,2020
ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်လူမှုရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော လူသားချင်းစာနာသော မိုင်းလှုပ်ရှားမှု အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ (Humanitarian Mine Action (HMA) Workshop)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ချင်းရွှေဟော်မြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)အကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ
Mar 12,2020
ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍COVID-19 ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက်တွင် နွေရာသီသင်တန်းများဖွင့်လှစ်
Mar 12,2020
အမြင်သစ် စာကြည့်တိုက် (အင်းစိန်)သည် နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၊ ပန်းချီ အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက်တွင် နွေရာသီသင်တန်းများဖွင့်လှစ်
Mar 12,2020
အမြင်သစ် စာကြည့်တိုက် (အင်းစိန်)သည် နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၊ ပန်းချီ အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
လပွတ္တာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှမီးဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သိကြားဘုရားကုန်းတွင် မတ်လ(၇)နေ့ ညပိုင်းကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုနှင့် သင်္ဃန်းကြီးကျေးရွာအုပ်စု ကံကွင်းကျေးရွာတွင် မတ်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့ကြောင့် မီးဘေးသင့်ခဲ့ သည့် အိမ်ထောင်စု (၃)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦး‌သောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊‌ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့‌ကြောင်းသိရသည်။
ရွှေဘိုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။