ချီဖွေ သြဂုတ် ၁၁
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေညာချက်အရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Online မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာခဲ့ပြီး ယမန်နေ့ နံနက် (၉)နာရီမှစ၍ ချီဖွေ အ.ထ.က ကျောင်း၌ Social Distancing နှင့် အညီ ကြေညာထားကြောင်း သိရှိရသည်။
ချီဖွေမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုသူ (၉၇) ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၂၂) ဦးတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၉)ဦးရှိပြီး သမိုင်းဘာသာ (၅) ဦး၊ ပထဝီဘာသာ နှင့် သမိုင်းဘာသာ( ၄) ဦးရှိကြောင်း နှင့် အောင်မြင်မှုရာခိုင်နှုန်း ၂၀.၆၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)