အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 11,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြသေးသည့် ပြည်သူများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနက ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့နံနက် ၉ နာရီ က ညောင်ကွဲရပ်ကွက်၊ ၁၁ လမ်း နှင့် ၈၉ လမ်းထိပ်၊ ရှင်အရဟံ ဘုရားအနီးရှိ ဝေဇယန္တာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လေးရက်မြောက်အဖြစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။