မန္တလေး ဩဂုတ် ၁၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြသေးသည့် ပြည်သူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနက ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့နံနက် ၉ နာရီ က ညောင်ကွဲရပ်ကွက်၊ ၁၁ လမ်း နှင့် ၈၉ လမ်းထိပ်၊ ရှင်အရဟံဘုရားအနီးရှိ ဝေဇယန္တာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လေးရက်မြောက်အဖြစ် ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ တွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို ဆန္ဒမဲပေး ပိုင်ခွင့် ဆုံးရှုံးစေရေးအတွက် ဦးစားပေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး တို့က အနီးကပ်ကြီးကြပ်လျက် ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကိုလေးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)