သတင်းများ

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီ ပြီးစီး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 13,2020
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ ၌ ကျင်းပပြုလုပ်သည်။
မူဆယ်မြို့၌ ယာဉ်စည်းကမ်းလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို (SONIC)အမျိုးအစား ဆိုင်ကယ်ဦးထုပ် များကို ချီးမြှင့်မည်
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၂၀၂၀)ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၇၆)ပါ ပြဌာန်းချက်ကို ပြည်သူများသိရှိနားလည်နိုင်ပြီး လိုက်နာကျင့်သုံးနိုင်ရန် အတွက် ဩဂုတ်လပထမပတ်မှ စတင်ပြီး မူဆယ်မြို့၊ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက အသိပညာပေး လုပ်ငန်း များကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ တတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်
Aug 13,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၃) နာရီက နိုင်ငံတော်မှ တတိယအကြိမ်
ကျိုင်းတုံမြို့၌ မြစိမ်းရောင်အတိုးရငွေဖြင့် ရွာတွင်းချောင်းကူးတံတားတည်ဆောက်မည့် အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ မိုင်းပန်အောက်အုပ်စု ပုံဆိုင်းကျေးရွာရှိ ရွာတွင်းချောင်းကူးတံတားအား မြစိမ်းရောင် အတိုးရငွေဖြင့် တည်ဆောက်မည့် အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၃) ဦးအား ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် ဘားအံခရိုင်အတွင်းရှိ အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လမ်းညွှန်ချက်များနှင့်အညီ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ (၁၁) ရက်နေ့မှစတင်၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
မရမ်းကုန်း​မြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေခံသမဝါယမအသင်း(၁၃)သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး ကြက်သွန်နီများ ဖြန့်ဖြူးရောင်းချ
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ရှမ်းပြည်နယ်၏ ဒေသထွက်ကုန် ဖြစ်သည့် ကြက်သွန်နီများကို ဒုတိယအကြိမ်ဖြင့် မရမ်းကုန်းမြို့နယ်အတွက်ရရှိသော ကြက်သွန်နီ (၄၂၅) ပိဿာအား မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်၍ ယနေ့ နေ့လယ်က မြို့နယ်အတွင်းရှိ အခြေခံ သမဝါယမအသင်း ၁၃ သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ ငွေ ပေးအပ်
Aug 13,2020
ပန်းဘဲတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၉)ရပ်ကွက် သုမင်္ဂလလမ်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်းများတွင် မိုးတွင်းကာလ သွာလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ လမ်းကွန်ကရစ် ခင်း ဆောင်ရွက်ရန်၊ မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရပ်/ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာတာဝန် ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။