မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ တတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်

မရမ်းကုန်း သြဂုတ် ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၃) နာရီက နိုင်ငံတော်မှ တတိယအကြိမ် အခြေခံ လူတန်းစားများအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀ိ/-)နှုန်းထောက်ပံ့ ငွေအား မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်က အဖွင့်အမှာစကား ပြောကြားပြီး မရမ်းကုန်းမြိုနယ်အတွင်းရှိ အခြေခံ လူတန်းစားစုစုပေါင်း (၁၂၃၃၉) ဦး အတွက် ကျပ်သိန်းပေါင်း (၂၄၆၇.၈)သိန်း အား သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း သက်ဆိုင်ရာ ရပ်ကျေးကော်မတီများဖြင့် အခြေခံလူတန်း စားတစ်ဦးချင်းစီအား ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)