နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

နန်းယွန်း သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဦးသိန်းဟန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ရည်ရွယ်ချက်(၆)ချက်၊ ဥပဒေအရ သက်ရောက်စေရမည့် အချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ကျန်းမာရေး၊ ပညာရေး၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုကို ကာကွယ်စောင့်ရှောက်ရမည့်အချက်များတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

ဟန်ကမ်း(ပြန်/ဆက်)