ဒီးမော့ဆို သြဂုတ် ၂၂
ကယားပြည်နယ် လွိုင်ကာ်ခရိုင်ဒီမော့ဆိုမြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါး စိုက်ပျိုး သည့်တောင်သူ (၅၄၈) ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် (Home Gardening) အိမ်ခြံဝန်းအတွင်း ဟင်းသီး ဟင်းရွက်စိုက်ပျိုးရန်အတွက် မျိုးစေ့များပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် ကငွေတောင် ဆည်ရှိစိုက်ကွင်း၌ပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန နေပြည်တော် (ရုံးချုပ်) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် က မျိုးစေ့များ ပံ့ပိုး ပေးအပ် ရခြင်း နှင့် စပ်လျဉ်းပြီးအမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများကဒီးမော့ဆိုမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေကျပ် (၆၅၁၃၀၀၀၀) နှင့် (Home Gardening) အိမ်ခြံဝန်းအတွင်း ဟင်းသီး ဟင်းရွက် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များများကို တောင်သူများထံ ပံ့ပိုးပေးအပ်ခဲ့သည်။
အဆိုပါ Covid–19 စီးပွားရးကုစားမှုအစီအစဉ်အရ ရွှေရင်အေးမိုးစပါးမျိုးစေ့များ ပံ့ပိုးပေးအပ်လျက်ရှိရာ ဒီးမော့ဆို မြို့နယ် အတွင်းရှိ မြို့မ၊ ငွေတောင် ၊ ဆင်တောင်၊ ဒေါဘူးကူး၊ ဆောင်ဒူရွာသစ်၊ သေးဆူလဲ၊ နောင်ပုလဲနှင့် စံပြ(၆)မိုင်စသော ရပ်ကွက်/ကျေးရွာအုပ်စု (၈) စုထံသို့ မိုးစပါးမျိုးစေ့ ထုတ် တောင်သူ (၅၄၈)ဦးအတွက် ရွှေရင်အေးမိုးစပါး မျိုးစေ့များ ပံ့ပို့ပေးပြီးစိုက်ဧက (၇၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။
ကြီးဒဲရယ်