သတင်းများ

ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှု စတင်လက်ခံ
May 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံမှုကို နံနက်(၉)နာရီတွင် စတင်လက်ခံလျက် ရှိသည်။
မိုးမိတ်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းသားများ စတင်လက်ခံ
May 24,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံနေပြီ ဖြစ်ကြောင်းသိရသည်။
အခြေခံပညာကျောင်းပေါင်း (၂၁၉) ကျောင်းကို မေလ(၂၄)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ် လက်ခံ
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ၂၄ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် စတင်
May 24,2021
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်ပတ် ပထမနေ့အဖြစ် မေ ၂၄ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ စတင်ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်အပ်နှံကြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ကျောင်းအပ်နှံရေး စတင်လက်ခံဆောင်ရွက်
May 24,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ   ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်         နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မေ ၂၄ ရက်  နံနက် ၉နာရီက  စတင်၍  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည်။
ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး စတင် လက်ခံ
May 24,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိခဲ့ပြီး ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ (၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ် လက်ခံလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လည်း ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိသည်။
ခင်ဦးမြို့နယ်၌ ကျေးရွာ (၄) ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀) စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
May 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကျေးရွာ (၄) ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း (၁၀၀) စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။