အိမ်မဲ ဇန်နဝါရီ ၇
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ က အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင်အိမ်မဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ရီရီထွန်းက သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကားပြော ကြားခဲ့ပြီး၊ မြောင်းမြခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသင်းဦးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် (VDP)စီမံကိန်းကျေးရွာ(၁၃)ရွာမှ သင်တန်းသား၊ သင်တန်းသူ(၂၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ(၄)ရက်ကြာမြင့်မည်ဖြစ်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းများသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)