ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများ အား စားသောက်ကုန်ပစ္စည်းများနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဟားခါး၌ ကျင်းပ

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများ အား စားသောက်ကုန်ပစ္စည်းများနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဟားခါး၌ ကျင်းပ

ဟားခါး မေ ၃၁

ချင်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီက ချင်းပြည်နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက အမှာစကားပြောကြားသည်။ ထို့နောက် ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်း(ဆန်၊ဆီ)များ ထောက်ပံ့ခြင်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မဟာနှင့်အဆင့်မြင့်တက္ကသိုလ်တက်ရောက် သင်ကြားမည့် ကျောင်းသား/သူ(၁၁)ဦး အတွက် ငွေကျပ်(၅၅၀၀၀၀/-)၊ အထက်တန်းအဆင့် ပညာတက်ရောက် သင်ကြားမည့် ကျောင်းသား/ သူ(၁၉)ဦးအတွက် ငွေကျပ်(၇၆၀၀၀၀/-)၊ အလယ်တန်းအဆင့် ပညာတက်ရောက်သင်ကြားမည့် ကျောင်းသား/သူ(၂၀)ဦးအတွက် ငွေကျပ်(၆၀၀၀၀၀/-)နှင့် မူလတန်းအဆင့် ပညာတက်ရောက်သင် ကြားမည့် ကျောင်းသား/သူ(၄၉)ဦးတို့အတွက် ငွေကျပ်(၉၈၀၀၀၀/-) ကို ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ဝန်ထမ်းများနှင့် ကျောင်းသား/သူများက လက်ခံရယူ ကြောင်းသိရသည်။

ဟားခါးခရိုင်ပြန်/ဆက်