သတင်းများ

တန့်ယန်းမြို့နယ်တွင် စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ကျင်းပမည်
May 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရွှင်ချမ်းလုံကုမ္ပဏီလီမိတက် Mother's Love လက်ဖက်ခြံ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့မှ အင်္ဂလိပ်စာဆရာကြီး ဦးမြကြိုင် M.A(English)(Thesis) New Delhi က ''စာဖတ်ခြင်းအကျိုး'' ခေါင်းစဉ်ဖြင့် စာပေဟောပွဲ ကျင်းပမည်ဖြစ်သည်။
အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာစီမံချက် ဟောပြောပွဲကျင်းပ
May 15,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျုဟာ စီမံချက် ဟောပြောပွဲကို အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပသည်။
ပင်လည်ဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေးဟောပြော
May 02,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပ မြို့နယ်တွင် (COVID-19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
မိုးနဲမြို့၌ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိ
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူများ ပါဝင်လာစေရန်အတွက် မြို့နယ်အတွင်း ရုံးဌာနများတွင် လက်ဆေးကန်များ ထားရှိခြင်း၊ စနစ်တကျလက်ဆေးနည်း အသိပညာပေး ပိုစတာများ ကပ်ထားခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်​ရောဂါ အသိ ပညာပေးလုပ်ငန်းများကို နေ့စဉ်မပြတ် ရပ်ကွက်/ကျေးရွာအုပ်စု လမ်းများပေါ်တွင် အသံ ချဲ့စက်ဖြင့် အသိပေး ဆောင်ရွက်ခြင်း၊ မြို့နယ် စည်ပင်သာယာ စျေးဆိုင်ခန်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ လူစည်ကားသည့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားခြင်း မပြုလုပ်ပဲ နေအိမ်သို့ ဝယ်ယူသယ်ဆောင်စေခြင်းစသည့် အသိပညာပေးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမှတ်(၁​) ပေါက်တံတား​ပေါ်မှ (၆)ဘီးယာဉ်တစ်စီး​ ယော​ချောင်းအတွင်း ပြုတ်ကျ၊ ၃ ဦး​သေဆုံး
Mar 31,2020
မ​ကွေးတိုင်း​ဒေသကြီး ​ပေါက်မြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်က ပခုက္ကူဘက်မှ ပေါက်ဘက်သို့ ယာဉ်မောင်း ဦး--- ​မောင်းနှင်လာ​သော အစိမ်းရောင် ၆ ဘီးယာဉ်တစ်စီးသည် အမှတ် ၁​ပေါက်တံတား​​ပေါ်တွင် အရှိန်​မထိန်းနိုင်ပဲ တံတားယာဘက်ခြမ်းရှိ လက်ရန်းတိုင်များ ဝင်တိုက်ကာ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာပေး လက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း
Mar 31,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက COVID-19 အသိပညာရေးလက်ကမ်းစာစောင် ၈၀၀၀ နှင့် လက်သန့်ဆေးရည် ငါးလီတာဆန့် ၁၆ ဗူး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး၌ ပြုလုပ်သည်။