သတင်းများ

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ပေးပြီး ရေလှောင်တမံအား စီမံခန့်ခွဲမည့်အစီအမံများ ဆွေးနွေး
Jun 25,2021
ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် ဆည်၊ ရေလှောင်တမံများအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခန့်က ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သည် ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။
ပင်းတယမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်
Jun 25,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား RDT Testkit ဖြင့် ပထမအကြိမ် စစ်ဆေးရာ ရောဂါပိုးမတွေ့
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ယနေ့တွင် ကျိုင်းတုံပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ RDT Testkit ဖြင့် ပထမအကြိမ် စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် နှလုံးရည်ရာအထောင်နဲ့ (အတွေးအမြင်ဆောင်းပါးများ)စာ အုပ်ဖြင့်စာဖတ်ဝိုင်းကို ဇွန်လ(၂၅)ရက်၊ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အလုပ်သမားများ၏ကျန်ရစ်သူ မိသားစုဝင်များအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေး
Jun 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လူမှုဖူလုံရေးရုံး၌ ယနေ့နံနက်  ၁၀ နာရီက အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံ အလုပ်သမား ၃ ဦး၏ ကျန်ရစ်သူ မိသားစုဝင်များအား ၂၀၁၂ လူမှုဖူလုံရေး ဥပဒေနှင့်အညီ  ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်   ထုတ်ပေးသည့် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉နာရီက ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။
မိုးကောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာ သင်တန်းပေး
Jun 25,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းကို ယနေ့နေ့လယ် (၁၀)နာရီခွဲတွင် သပြေပင်ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်သည်။