မတ္တရာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မတ္တရာ ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ၂၀၂၁ခုနှစ် မိုးရာသီ တစ်အုပ်တစ်မ သစ်မျိုးစုံ သစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် ၈နာရီက အမှတ် (၁)ရပ်ကွက် လမ်းကြောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီ တစ်အုပ်တစ်မ သစ်မျိုးစုံ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင်၊ ခရေ၊ လက်ခုပ်၊ ယမနေ၊ ငုရွှေဝါ၊ မာတာကွတ်၊ မန်ဂျန်ရှား၊ စစ်၊ တမလန်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ မည်စည်၊ ပိတောက်၊ လုမ္ပဏီအင်ကြင်းနှင့် စွယ်တော်  စုစုပေါင်း(၇၀၂)အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)