မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် မိုးရာသီသစ်ပင်  ၂၇၀၀၀ စိုက်ပျိုးပွဲတော်ကျင်းပ

ရန်ကုန်  ဇွန်   ၂၇

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှု၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် ယနေ့ နံနက် ၇ နာရီ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက မဟော်ဂနီပင်များအား စိုက်ပျိုးပေးကြပြီးတက် ရောက်လာသူများနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းအင်အား (၄၀၀) ဦးက မိုးရာသီသစ်ပင် စိုက်ပျိုးပေးနေမှုများကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးသည်။ လှော်ကားရေဝေရေလဲဒေသ စိမ်းလန်းစိုပြေရေးရည်ရွယ်ချက်များဖြင့် ဧက  ၅၀ ပေါ်တွင် ပျဥ်းကတိုး (၁၈၆၃၀) ပင်၊ ဆီသပြေပင် (၈၁၀၀ ) ပင်၊ မဟော်ဂနီ (၂၇၀) ပင် စုစုပေါင်း ၂၇၀၀၀ ပင်  စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ရှင်းလင်းဆောင်တွင်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အား ကစားကွင်းများဌာနမှဌာနမှူး ဦးကိုကိုလင်းက လှော်ကားရေဝေရေလဲစိုက် ခင်းဧရိယာအတွင်း စိုက်ပျိုးပြီးစီခဲ့ သည့် ဧရိယာ၊ စိုက်ပျိုးသွားမည့် ဧရိယာများ၊ ဆက်လက်စိုက်ပျိုးရန် ကျန်ရှိနေသည့် ဧရိယာများ၊ ရန်ကုန်မြို့တော် နယ်နိမိတ် (၃၃) မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးထားရှိမှုနှင့် အပင်များရှင်သန်မှု အခြေအနေများနှင့် လှော် ကားရေဝေရေလဲ စိုက်ခင်း ဧရိယာဝင်း အတွင်း ဝါးမျိုးစိတ်များစုဆောင်းစိုက် ပျိုးထားရှိမှုအခြေအနေများကိုရှင်း လင်းတင်ပြရာ ဥက္ကဋ္ဌ ဦးလှစိုးက ရေဝေရေလဲဒေသအတွင်း လုံခြုံရေးစနစ်ကောင်းမွန်စေရေး၊ သစ်ပင်များ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့်စိုက်ပျိုး ပြီးစီးသွားသည့်အပင်များ ဆက်လက်ရှင်သန် ကြီးထွားစေရန် ထိန်းသိမ်းစောင့်ရှောက်သွားရေးတို့ကို လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ဆန်းကျော်ဦး