အမာမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

အမာ ဇူလိုင် ၁၅
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီမှစတင်ကာ အမာမြို့၊ မြို့အဝင်ဂိတ်နှင့် ရပ်ကွက်များအတွင်းလူစည်ကားရာ နေရာများ၊ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အမာမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အမာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွါသွားလာပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာသည့် အလေ့အကျင့်ရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏အသိပေးကြေညာချက်များကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ကြေညာပေးသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။