သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကျင်းပ
Jul 25,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် မြို့ဝင်/မြို့ထွက်ဂိတ်များနှင့် မြို့တွင်းသွားလာနေကြသော ပြည်သူများ ဈေးဝယ်ကတ်နှင့် ဆေးရုံ/ဆေးခန်းသွားလာခွင့်ကတ် စစ်ဆေးနေခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုတို့အားသွားရောက် ကြည့်ရှု့စစ်ဆေး
Jul 25,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်တွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ မုံရွာမြို့ မြို့ဝင်/မြို့ ထွက်ဂိတ်များနှင့် မြို့တွင်းဈေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာခွင့်ကတ် စစ်ဆေးနေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး ကျင်းပ
Jul 25,2021
မကွေးခရိုင်၊ချောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအဖွဲများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်(၂)နာရီက ​ချောက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် လိုအပ်သည့် အောက်ဆီဂျင်ထားရှိရန် အလှူခံမှုနှင့်ပတ်သက်၍  မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမင်းသန်းနှင့် ဆက်သွယ်မေးမြန်းခြင်း
Jul 25,2021
ပန်းတနော်မြို့နယ်တွင် လိုအပ်သည့် အောက်ဆီဂျင်ထားရှိရန် အလှူခံမှုနှင့်ပတ်သက်၍  မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန်အချက်များ မြန်မာနှင့် ရှမ်းဘာသာဖြင့် အသိပေးလှည့်လည်နှိုးဆော်
Jul 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ပြည်သူများ လိုက်နာရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၅ နာရီချိန်က မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 25,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊မြန်မာ (၂) ဘာသာဖြင့် အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Jul 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ‌ရေးနှင့် ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်‌စေရန်အတွက် ယနေ့ ညနေ ၄နာရီခန့်က လမ်းဆုံလမ်းခွများ၌ ရှမ်း၊ မြန်မာ (၂)ဘာသာဖြင့် အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာလျက်ရှိကြောင်း သိရသည်။
မိုးမောက်မြို့၌ ကိုဇစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Jul 25,2021
မိုးမောက်မြိုနယ်၊ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ခေတ္တမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး မံစီမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းသန့်နှင့် မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးဆန်းနိုင်တို့၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခဲ့သည်။