ပန်းတနော် ဇူလိုင် ၂၅
ပန်းတနော်မြို့နယ်တွင်လိုအပ်သည့် အောက်ဆီဂျင်ထားရှိရန် အလှူခံမှုနှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ အောက်ပါအတိုင်းဖြေကြားခဲ့ပါသည်။
အောက်ဆီဂျင်ပဲလှူလှူ၊ ဘာပဲလှူလှူ အချို့ကတော့ အောက်ဆီဂျင်အတွက်ဆိုပြီး သီးသန့် လာလှူတာရှိတယ်၊ လိုရာသုံးစွဲဖို့ဆိုပြီး လာလှူတာလည်း ရှိတယ်၊ကျွန်တော်တို့ ကတော့သီးသန့်လက်ခံမထားဘူး၊မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဆိုတာရှိတယ်၊အဲ့ဒီမှာ စည်ပင်က EOE နဲ့ မြို့နယ်ကော်မတီ တို့ကိုအပ်တယ်၊ ပြီးတော့မှ သူတို့က လိုအပ်တဲ့နေရာမှာ သုံးတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့က ယာယီဆေးရုံအတွက် ပြင်တာဆင်တာနဲ့ ကုန်ကျတာတွေရှိတယ်၊ အခုနောက်ပိုင်းမှာ ကုန်ကျတာမရှိတော့တဲ့ အတွက်ဒီအောက်ဆီဂျင်ရဖို့ကိုပဲ နေ့တိုင်းလုံးပမ်းနေရတယ် ၊ အောက်ဆီဂျင်ကလည်း နေ့တိုင်းရန်ကုန်ကို တက်ယူနေရတယ် ကားတစ်စီး(သို့)နှစ်စီးလွှတ်ရတယ် ၊လူတွေပါလိုက် ရတဲ့အတွက် သူတို့အတွက် စားသောက် စရိတ်လေး တွေရှိတယ်၊ အောက်ဆီဂျင်ဖိုးလည်းရှိ တယ်၊ကုန်ကျစရိတ်ကနေ့တိုင်းရှိနေတယ်၊တစ်နေ့ကို လေးငါးသိန်းလောက်တော့ အနည်းဆုံး ကုန်လိမ့်မယ်၊ ကျွန်တော်လည်းကိုယ်တိုင်လုပ်တာမဟုတ်တဲ့အတွက် သိပ်တော့ မသိဘူး၊အဲ့ဒီအတွက်အမှန်ပြောရရင်အလှူငွေလည်းလိုတယ်၊ လာလည်းလှူကြပါတယ်၊ လှူတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် လှူတဲ့သူတွေကိုလည်းကျွန်တော့ FB Account ပေါ်က တဆင့် အလှူငွေလက်ခံရရှိတဲ့ စာရင်းတင်ပေးပါတယ်၊ ရတဲ့ငွေကို ကျွန်တော် မကိုင်ပါဘူး၊ ကိုဗစ်ကော်မတီကိုပဲ လွှဲပေးပါတယ်၊ လှူမယ် ဆိုရင်ဘယ်နေရာဖြစ်ဖြစ် လာလှူ လို့ရပါတယ်၊ အောက်ဆီဂျင် ဝယ်ဖို့ သီးသန့်ငွေဆိုပြီး လှူလို့လည်းရပါတယ်၊ အောက်ဆီဂျင် အိုးလည်းလှူလို့ ရပါတယ်၊ အောက်ဆီဂျင်ကအိုးအသေးလေး တွေလည်းရှိပါတယ် အိုးသွေး တွေကတော့ မလောက်ဘူး၊ဒီဆေးရုံမှာတော့ (၅)လုံးလောက်ပဲရှိတယ်၊ အခုက အရေးပေါ် Ambulance ကလာပေးတာတွေလည်းရှိပါတယ်၊လူနာတွေကို resquest လုပ်ပြီး အောက်ဆီဂျင်အိုးရှိရင်ယူလာခဲ့ဖို့ ပြောရပါတယ် သဘောကတော့ ကိုယ့်အိုးနဲ့ကိုယ်ရှူရင် မှားစရာ မလို တော့သလို၊ပျက်စရာအကြောင်းလည်းမရှိဘူးဆိုတဲ့ သဘောနဲ့လူနာရှင်မှာ ရှိရင်ယူလာခိုင်းတာပါ၊ အောက်ဆီဂျင်ကိုတော့ ကိုဗစ်ကော်မတီနဲ့ ပရဟိတက ဦးမောင်ငွေ၊ အနောက်ပိုင်းအုပ်ချုပ်ရေးမှုးတို့ကနေ့တိုင်းရန်ကုန်တက်ပြီး ရှာယူနေပါတယ် တစ်နေ့ကို (၅) လုံးပဲရပါတယ်၊ညောင်ခြေ ထောက် ကိုလည်း သွားသယ်ပါတယ်၊ ကျွန်တော်တို့မြို့မှာသာ ခုချိန်ထိ အောက်ဆီဂျင် မပြတ်တာပါ၊ အခြားမြို့တွေ မှာ ပြတ်တာကြား နေရပါတယ်၊ ညက ဆို ဓနုဖြူကဖုန်း ဆက်ပြီးတောင်းတယ်၊ နောက်တော့သာပေါင်းကအပို ရှိလားဆိုပြီး ဖုန်း လှမ်းဆက်ပြီး အကူအညီတောင်းပါတယ်၊ကျွန်တော်တို့မှာတော့ အပိုမရှိပါဘူး၊ အောက်ဆီ ဂျင်ကတော့ လိုနေအုံးမှာပါ ၊ ခုလက်ရှိကတော့ အောင်သပြေ ကုမ္ပဏီပိုင်ရှင်
ဦးအောင်ထွန်း မိသားစုက ဘိုးဘွားရိပ်သာမှာ အောက်ဆီဂျင်ထုတ်ပေး နိုင်အောင် စတင် ဆောက်နေပါပြီဒါကလည်း ဩဂုတ်လအလယ် လောက်မှာ ပြီးမှာပါ၊ဒီကြားထဲ အောက်ဆီ ဂျင်ပြတ်လို့မဖြစ်ပါဘူး၊ ဒီမှာတောက်လျောက် အောက်ဆီဂျင် ရှူနေရတဲ့ လူနာအယောက်( ၃၀)လောက်ရှိပါတယ်၊အဲ့ဒိလူနာထဲ ကမှ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့လူနာလေး၊ငါး၊ ဆယ် ယောက်လောက် ရှိနေပါတယ်၊ဒီတော့ အသေအပျောက်တွေက ရှိနေ မှာပါ၊ မိမိအိမ်သား ထဲက တစ်ယောက် ကူးစက်ခံရရင် အဲ့ဒီတစ်ယောက်စည်းကမ်း တကျနေရင် ကျန်တဲ့သူကို မကူးနိုင်တော့ပါဘူး၊လူကြီးမိဘတွေကို မကူးတော့ရင် သေစရာအကြောင်းလည်းမရှိ တော့ပါ ဘူး၊အခု သေနေတာက ရောဂါအခံရှိသူ အသက်အရွယ်ကြီးတဲ့ အမိ၊အဖတွေ ဖြစ်နေတာ များပါတယ်၊ဒါ့ကြောင့်ငယ်တဲ့သူတွေအနေနဲ့ တော်တော်များများ ဆင်ခြင်သင့်တယ်လို့ ယူဆ ပါတယ်၊ကျွန်တော်တို့လည်း ဒီဖက်က အောက်ဆီဂျင်အိုး( ၁၀)လုံးလောက်လှူမယ် စဉ်းစားထားပါတယ်၊အရေးပေါ်အသင်းကလည်းလှူချင်လို့ စုံစမ်းရှာဝယ်နေပါတယ်၊ သိရ သလောက်ကတော့ အောက်ဆီဂျင်အိုးအကြီးဆိုရင် ၃သိန်းခွဲ၊အိုး လေးကတော့ တစ်သိန်းခွဲ ပတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်၊ တတ်နိုင်တဲ့သူတွေလည်း လှူပေးစေချင်ပါတယ်၊ လှူနိုင် ရင်လှူပေးပါ၊အချိန်မရွေး လာလှူလို့လည်း ရပါတယ်၊ဝယ်တာကတော့ ရှာပြီးဝယ်ပေးမှာပါ၊ လှူမယ်ဆိုရင် အောက်ဆီဂျင်အိုးပေါ် အလှူရှင် အမည်ကို ကမ္ဗည်းတပ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
မြို့နယ်(ပြန်/ဆက်)