သတင်းများ

ကျောက်တော်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရန် Mask Campaing ပြုလုပ်ဆောင်ရွက်
Jul 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်ခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaing ပြုလုပ်ခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့အဝင်လမ်းမဟာကံကြီးရှင် ဘုရား ရှေ့နှင့် လမ်းဆုံ လမ်းခွများ၊ ကားဂိတ်များ၌ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် အသိပညာပေးဆော်သြ
Jul 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သောမင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များ၌  ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန် ချက်များအား အသိပညာပေးဆော်သြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အသံချဲ့ စက်ဖြင့် အသိပညာပေးဆော်သြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉လူနာ (၂၅)ဦး ဆေးရုံမှဆင်းခွင့်ပြု
Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနှင့် ဟဲယာရွာမတိုက်နယ်ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉လူနာများအနက် ကျန်းမာရေးကောင်းမွန်လာသူ (၂၅)ဦးကို ယမန်နေ့ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ ဆေးရုံများမှ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 26,2021
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများအား ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံတွင် ပြုလုပ်သည်။
ပေါက်တောမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်
Jul 26,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ မြိုနယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးတွင် အထောက်အကူပြုစေရန် Oxygen Plant ဖြစ်မြောက်ရေးကော်မတီမှ Oxygen Plant ဆောက်လုပ်မည့်မြေနေရာအား မြေသန့်မင်္ဂလာပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက်ရှိသူများကို COVID - 19 ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံ
Jul 26,2021
မဟာအောင်မြေမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိသူများကို COVID - 19 ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီခွဲမှစတင်၍ စုရပ်တစ်နေရာလျှင် ၅၀ဦးနှုန်းဖြင့် စုရပ်၄နေရာတွင် ထိုးနှံပေးခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့၌ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Jul 26,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် ချောင်းလက်တက်များနှင့် ဇမိမြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၆) ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သည့်လူနေအိမ်များသို့ ရေများဝင်ရောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုကြောင့် အိမ်ထောင်စု(၈၈)စုမှာ ရေဘေးရှောင်စခန်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့
Jul 25,2021
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ (၂၂)ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။