သတင်းများ

ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်း နှင့်တွေ့ဆုံ မေးမြန်းဖြေကြားချက်
Jul 25,2021
မေး။       ကိုဗစ်(၁၉)အတည်ပြုလူနာတွေကို ကုသဖို့ ဘယ်လိုစီမံဆောင်ရွက်ပေးနေတယ်ဆိုတာကိလည်း သိပါရစေခင်ဗျ။ ဖြေ။       လက်ရှိဆေးရုံမှာ ကိုဗစ်(၁၉)ရောဂါ ကုသဆောင်မှာ ဆရာဝန်တစ်ဦးနဲ့အတူ သူနာပြုများ         က ဆေးကုသမှု ပေးနေပါတယ်၊ အကယ်၍ အတည်ပြုလူနာ များလာပါက ဆရာဝန်နဲ့ သူနာပြုအင်အား ထပ်မံ ဖြည့်တင်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။
လှိုင်းဘွဲမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများ ပြောင်းရွေ့နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 25,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် မြေနိမ့်ပိုင်းရှိ နေအိမ်များသို့ ရေများ ဝင်ရောက်နေပါသောကြောင့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရေဘေးသင့်အိမ်ထောင်စုများအား ပြောင်းရွေ့ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဖျာပုံမြို့၌ကုတင်(၂၀၀)ဆံ့ ကိုဗစ်-၁၉ရောဂါကုသရေးယာယီဆေးရုံ လွှဲပြောင်းပေးအပ်
Jul 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မတည်အလှူရှင် ဦးမင်းမင်းမိသားစု၊ ဧရာဝတီသားဟေ့ ဆောက်လုပ်ရေး ကုမ္ပဏီမှ မတည်ဆောက်လုပ်သော ကုတင်(၂၀၀)ဆံ့ ကိုဗစ်-၁၉ ရောဂါကုသရေး ယာယီဆေးရုံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က အဆိုပါယာယီ ဆေးကုသရေး ဆေးရုံအတွင်းကျင်းပသည်။
ပလောက်မြို့၊‌ ကျောက်လုံးကြီး‌ကျေးရွာအုပ်စုတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူ သိရှိနိုင်ရေးအရှိန်အဟုန်မြင့်ဆောင်ရွက်
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင် ၊ လောက်မြို့၊‌ ကျောက်လုံးကြီး‌ ကျေးရွာအုပ်စုတွင်  မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ  ကြီးကြပ်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယမန်နေ့‌ နေ့လယ်  (၁)နာရီခန့်က လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။  ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ ကြီးကြပ်မှုဖြင့် ကျောက်လုံးကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သစ္စာပါရမီပရဟိတအဖွဲ့တို့ပူးပေါင်းပါဝင်၍ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိစေရန် လိုက်လံအသိပေးနှိုးဆော် လျက်ရှိသည်။
မကွေးခရိုင် ကိုဗစ်-၁၉ရောဂါ အသွားအလာထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဆောင်ရွက်နေမှုနှင့်  ကန့်သတ်ထားသည့် နေရာများအား ကြည့်ရှုစစ်ဆေး
Jul 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင ့်အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ်ပိုင်းက မကွေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်နေမှုနှင့် အသွားအလာကန့်သတ်ထားရှိသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့အဝင်/ အထွက် တံတားထိပ် ကိုဗစ်−၁၉ ကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တနင်္သာရီမြို့၏အဝင်/ အထွက် နေရာဖြစ်သော တနင်္သာရီတံတားထိပ်(အောက်ကင်းဘက်ခြမ်း)ရှိ နဂါးရုပ်တုအရှေ့ ယာယီ မဏ္ဍပ် နေရာ၌ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့စ၍ နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍  ပြည်ထောင်စု လမ်းမကြီးရှိ တနင်္သာရီ တံတား ပေါ်မှ ဖြတ်သန်းသွားလာနေသော မြိတ်-တနင်္သာရီ ၊ မြိတ်-မောတောင်နှင့် မြိတ်-ဘုတ်ပြင်း-ကော့သောင်းသို့ ယာဉ်အမျိုးမျိုးဖြင့် သွားလာနေသည့် ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေရေး၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွား ရာဇဝင်နှင့် ဆက်သွယ်ရန် လိပ်စာများရယူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ RDT-Test Kit ဖြင့် သတ်မှတ်ဈေး နှုန်းဖြင့် စစ်ဆေးပေးခြင်းများကို ပူးပေါင်းအဖွဲ့မှ နေ့စဉ် ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
မုံရွာခရိုင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့ဝင်/မြို့တွင်း/မြို့ထွက်တို့ရှိ  ပူးပေါင်းစစ်ဆေးရေးဂိတ်တို့အား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 25,2021
မုံရွာခရိုင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့ဝင်/မြို့တွင်း/မြို့ထွက်တို့ရှိ  ပူးပေါင်းစစ်ဆေးရေးဂိတ်တို့အား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် ချင်းရွှေဟော်မြို့မှ ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင် (၄၀)လီတာအိုး (၆၀)လုံး နမ္မတူမြို့နယ်သို့ ရောက်ရှိ
Jul 25,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ချင်းရွှေဟော် မြို့မှ ဝယ်ယူလှူဒါန်းသည့် အောက်ဆီဂျင် (၄၀)လီတာအိုး (၆၀)လုံးမှာ ယမန်နေ့နေ့လယ် (၁၂)နာရီခွဲ အချိန်ခန့်တွင် နမ္မတူမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။