ပလောက်မြို့၊‌ ကျောက်လုံးကြီး‌ကျေးရွာအုပ်စုတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အများပြည်သူ သိရှိနိုင်ရေးအရှိန်အဟုန်မြင့်ဆောင်ရွက်

ပလောက် ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင် ၊ လောက်မြို့၊‌ ကျောက်လုံးကြီး‌ ကျေးရွာအုပ်စုတွင်  မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ  ကြီးကြပ်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် ယမန်နေ့‌ နေ့လယ်  (၁)နာရီခန့်က လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။  ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ ကြီးကြပ်မှုဖြင့် ကျောက်လုံးကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သစ္စာပါရမီပရဟိတအဖွဲ့တို့ပူးပေါင်းပါဝင်၍ ကိုဗစ်ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိစေရန် လိုက်လံအသိပေးနှိုးဆော် လျက်ရှိသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊သက်ကြီးရွယ်အိုနှင့်    နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသောအခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များ တွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားကြရန်၊ မိမိနေအိမ်တွင် သာ ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ နှာခေါင်းစည်း (Mask)မတပ်ဆင်ထားသော ဈေးရောင်းသူများ ထံမှ ဈေးမဝယ်ကြပါရန်နှင့် မိသားစုအတွင်း ဖျားနာသူများ ရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူးမှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှု ခံယူရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေညာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး နည်းလမ်းများကို လိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း ကိုအများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်