သတင်းများ

ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လည်စာ အဟာရလှူဒါန်း
Jul 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19 (Positive)လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါန လှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံတို့၌  ဆောင်ရွက်ခဲ့သည်။
ကျောက်တံခါးမြို့ရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြားလာသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုး ဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံလမ်း ခွများနှင့် လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၆၃) ဦး ဆေးရုံဆင်းခွင့်ရ
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၆၃)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး
Jul 26,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီမှစတင်၍ မြို့နယ် အတွင်းရှိ ဆေးထိုးရန် ကျန်ရှိသော ဝန်ထမ်းများ ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစု့ဝင်များ၊ ရပ်ကွက်အတွင်း ရှိ အသက်(၆၅)အထက် ပြည်သူများ အားမြို့နယ် အားကစား ခန်းမသစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ပစ္စည်း ကရိယာများ သိမ်းဆည်းသိုလှောင်ထားခြင်းရှိမရှိ လိုက်လံစစ်ဆေး
Jul 26,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး တွင် အသုံးပြုသည့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ပစ္စည်း ကရိယာများ သိမ်းဆည်းသိုလှောင် ထားခြင်းရှိမရှိ လိုက်လံ စစ် ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကင်းဝေးပပျောက်စေရေးအတွက် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး ပရိတ်ရေများပက်ဖျန်း
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကင်းဝေးပပျောက်စေရေးအတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ် တရားတော်များကို ယမန်နေ့ နေ့လယ်(၂)နာရီမှစတင်ကာ မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီးစေတီနှင့် ရပ်ကွက်/ကျေးရွာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ပွားချီးမြှင့် ခဲ့ကြသည်။