တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာများသို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကွင်း ဆင်းစစ်ဆေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်း ချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာသို့သွားရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများကို အခမဲ့ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။