သတင်းများ

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ အသိပညာပေးနှိုးဆော်
Aug 24,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများ လျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပေါ်ကျေးရွာ၊ စုစည်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဟိုပန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း  Stay  at   Home  သတ်မှတ်ကာလများအတွင်း စည်ပင်သာယာမြို့မဈေးကြီးရှိ  ဈေးဆိုင်များအားလုံး  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချလျက်ရှိ
Aug 24,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်း  Stay  at   Home  သတ်မှတ်ကာလများအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကူးစက်ပြန့်ပွားမှု  မရှိစေရေးအတွက်   စည်ပင်သာယာမြို့မဈေးကြီးအတွင်း ဖွင့်လှစ်ရောင်းချနေသော  ဈေးဆိုင်များအားလုံး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချလျက် ရှိသည်။
တောင်ကြီးမြို့တွင် စိန်ပန်းရပ်ကွက်နှင့်ရွှေတောင်ရပ်ကွက်ရှိပြည်သူများအား RDT Test Kit စစ်ဆေးပေး
Aug 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါလူနာများနှင့် ထိတွေ့မိသူများ၊ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီ က အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်တွင် အငြိမ်းစား၀န်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိသည်။
ကျောက်တော်မြို့ရှိ မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့်သား/ငါးတန်းစသောနေရာများ၌ We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်စိမ်းတန်းနှင့် အသား/ငါးရောင်းချသောနေရာများတွင် ယနေ့ နံနက် ၈ နာရီက We Love Kyauk Taw လူမှုပရဟိတအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများအား အသံချဲ့စက်ဖြင့်လှည့်လည်ဆော်ဩ
Aug 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ   မြောက်ဦး ၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ် များ၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် ယနေ့  နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သော အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပေးချက်များ အား အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။