သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်စုဖွဲ့ခြင်းတွံတေး၌ဆောင်ရွက်
Aug 24,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ အသင့်စုဖွဲ့ထားရှိပြီရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက် နေမှု ကိုယမန်နေ့နံနက်ပိုင်းကမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။