သတင်းများ

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆေးထိုးနှံမှုများကို အရှိန် အဟုန်မြင့်ဆောင်ရွက်သည့်အနေဖြင့် နေရာလေးနေရာတိုး၍လုပ်ဆောင်လျက်ရှိ
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဒုတိယအကြိမ် ဆေးထိုးနှံခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ရက်နေ့တွင် အသက် ၆၅နှစ်အထက်သက်ကြီး အဘိုးအဘွားများ ညောင်ဦးမြို့ အနော်ရထာခန်းမသို့လာရောက်ရာတွင် ခရီးဝေးမှု၊ အဘိုးအဘွားများပင်ပန်းမှုသက်သာစေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် သတ်မှတ်စုရပ်(၇)နေရာအပြင်၊ နောက်ထပ်လေးနေရာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
 မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးသီးနှံစိုက်ဧကပေါင်း ၄၇၃၇ ဧကအတွက် ချေးငွေများ ထုတ်ချေးပြီးစီး
Sep 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီးနှံအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၂၈အုပ်စု၊ တောင်သူပေါင်း ၇၅၆ ဦးနှင့် စပါး ၁၆၇၇ ဧက၊  နှမ်းသီးနှံစိုက်ဧက ၃၀၆၀ ဧကအတွက် ကျပ်သိန်းပေါင်း ၅၅၇၅.၅၀ ကျပ်ကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မင်းဘူးမြို့ မင်းပူးဦးဩဘာသခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသော အဘိုးအဘွားများရဲ့ ရင်တွင်းပီတိစကားသံများ
Sep 07,2021
ဦးခင်မောင်စိုး ( မင်းဘူးမြို့ ) မေး။      ဦးလေးမင်္ဂလာပါရှင့်၊ ဦးလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်‌ဆေး ထိုးတာလဲဆိုတာလေး ပြောပြ            ပေးပါအုံးရှင့်။            ဖြေ။       ဦးကနာမည် ဦးခင်မောင်စိုးပါ၊ မင်းဘူးကပါဘဲ။  
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင် နှုတ်သိမ်း အထွက်နှုန်းကောင်းသည့် နှစ်တစ်နှစ်ဖြစ်လာ
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများစိုက် ပျိုးထားသည့် ပင်ထောင်မြေပဲခေါ်သုံးလမြေပဲများစတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက် နှုန်းကောင်းမွန်ခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်တင်းကျတင်းသုံးဆယ် ထိထွက်ရှိနေကြောင်း ငါ့မင်းမေးကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်လေးကရှင်းပြ ၍သိရသည်။
ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများ အကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုး
Sep 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်တွင် အညှာခိုင်မှုအသင့်အတင့်ရှိသော ရေအနည်းလို စပါးမျိုးများအကွက်ကျယ် သရုပ်ပြစမ်းသပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူး ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ကညင်ချောင်းကျုံဖားကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
မြစ်သားမြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ် ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ၁၅၁၀ စင်တီမီတာသို့ ဆက်လက်လျော့ကျ
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ  စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရန်အလို ၁၆၆၇ စင်တီမီတာ မှ အောက်သို့ မြစ်ရေများ ဆက်လက်လျော့ကျလျက်ရှိရာ ၁၅၁၀ စင်တီမီတာသို့ ‌‌ရောက်ရှိပြီဖြစ်၍ ၁၅၇ စင်တီမီတာ ၅ ဒသမ ၁၅ ပေသို့ ပြန်လည်လျော့ကျသွားကြောင်း သိရသည်။