သတင်းများ

ပုဂံ-ညောင်ဦးရှေးဟောင်းဇုန်အတွင်းရှိ နှစ်ပေါင်း ၉၀၀ ခန့် အုတ်တိုက်အမှတ် ၁၃၁၅ ပြို ကျပျက်စီးမှုဖြစ်
Sep 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်း နှစ်သက်တမ်း ၉၀၀ခန့်ရှိ အုတ်တိုက်အမှတ် ၁၃၁၅သည် စက်တင်ဘာ ၆ရက် ည ၇နာရီခွဲအချိန်ခန့်က ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အင်တောမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေး
Sep 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပထမအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများအား ယနေ့နံနက်ပိုင်းက အမှတ်(၄)တပ်မတော်ဆေးရုံခုတင်(၁၀၀)ဗထူးမြို့မှ ဗိုလ်ကြီးသိန်းထိုက်နှင့် အဖွဲ့တို့က အင်တောတိုက်နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 07,2021
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိသာ သနာဗိမာန်စုရပ်နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ (၄)နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင်‌ထိုးနှံပေးသည်။
ပွင့်ဖြူမြို့နယ်၌ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက်သွားရောက်ပြီး ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါပိုးစစ်ဆေးခြင်းများ ဆောင်ရွက်ပေး
Sep 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မိုဘိုင်းစစ်ဆေးရေး ယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ် - ၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကွင်းဆင်းကြည့်ရှု
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထားရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက မြင်ချင်ကျေးရွာရှိ ကွင်းအမှတ် ၃၀၃၁၊ ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ စိုက်ကွင်းတွင် စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှသိရသည်။
ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေး
Sep 07,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်နေ့ရက်အလိုက် စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
လှိုင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အထက(၁)ကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၃ ရက်နေ့နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင်.ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း (၈၀၀)ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရဿည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့
Sep 07,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဝင်ရောက်သည့် အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စု များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က နဝင်းရပ်ကွက်၊ ရွှေပလ္လင်မှော်ဓမ္မာရုံနှင့် ပြည်သာယာရပ်ကွက် ၊ကိုးသောင်း (မူလွန်)ကျောင်းတို့၌ ပြုလုပ်ခဲ့ သည်။