ဓနုဖြူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်ထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ မြောက်ကုန်းတန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှ အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။