တွံတေး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းရှိ ကျောင်းစာကြည့်တိုက်၌ ကျင်းပ ခဲ့သည်။
ပြိုင်ပွဲတွင် တွံတေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် "စည်းလုံးညီညာ အမျိုးသားနေ့မှာ" ခေါင်းစဉ်ဖြင့်(၁၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အမျိုးသားနေ့" ခေါင်းစဉ်ဖြင့် (၁၅)ဦး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အမျိုးသားနေ့ အောင်ပွဲတို့ဆင်နွှဲ" ခေါင်းစဉ်ဖြင့် (၂၉) ဦး အထက်တန်းအလယ်တန်း၊ မူလတန်းမှ ကျောင်းသား ကျောင်းသူ (၅၇)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးလှိုင်