သထုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဈေးမသွယ်အကျဉ်းထောင် (ထောင်သစ်)တွင် ယမန်နေ့နံနက် က အကျဉ်သားများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများတို့က ဈေးမသွယ်အကျဉ်းထောင် (ထောင်သစ်)မှ အကျဉ်းသား စုစုပေါင်း ၁၂၃ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ကြည့်ရှုအားပေးကာ အကျဉ်းသားများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်နိုင်ရေး ပညာပေးဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)