တာချီလိတ်မြို့၌ မီးဘေးသင့်အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Jul 09,2025
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။