ချမ်းအေးသာစံ မေ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းကို ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ဆုတောင်းရ မြတ်စွာဘုရား၌ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ချမ်းအေးသာစံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ခေတ္တတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဦးအောင်ဇော်မြင့်က ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို နံနက်ကိုးနားရီမှ ညနေလေးနာရီအထိ သင်တန်းနည်းပြ လေးဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၇၀ ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)