မော်လမြိုင် မေ ၃၀
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးရာ ဦးစွာ ရှင်းလင်းဆောင်တွင် ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစက်ပစ္စည်းများ၊ မော်လမြိုင်မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်း သွယ်တန်းနေမှုအခြေအနေများကို ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံမှုကိုဦးစားပေးရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အများပြည်သူအတွက် ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရေး ဆောင်ရွက်ရန်၊ ကွန်ရက်တည်ဆောက်ပြုပြင်ထိန်းသိမ်းရာတွင် မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်၊ အမြင်မတင့်တယ်သည့်ဖိုင်ဘာကြိုးများကို အမြန်ဆုံး ရှင်းလင်းဖယ်ရှားသွားရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)