ကလိန်အောင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ကလိန်အောင်   မတ်     ၂၇

၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့်ဖြစ်ရာ ထားဝယ် ခရိုင်၊ ကလိန်အောင်မြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယမန်နေ့နံနက်(၉)နာရီက ကလိန်အောင် နယ်‌မြေ မီးသတ်စခန်းက ဒုဦးစီးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်ပြီး မီးသတ်တပ်အဖွဲ့ဝင်များနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စာစစ်ဌာနများရှိကျောင်း ဝင်းအတွင်း မီးဘေး လုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ် မီးကပ်၊ သဲကန်၊ ရေကန်များ ထားရှိမှု အခြေအနေ၊ လျှပ်စစ်ဝါ ယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အခြေအနေ၊ ယာယီ မီးစက်ထားရှိမည့်နေရာ၊ လုံခြုံရေးချထားမည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များကို ကြိုတင် ပြင်ဆင်ရန် အကြံပြုခဲ့ကြကြောင်းသိရသည်။

ကလိန်အောင်မြို့တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနများဖြစ်သည့် အ-ထ-က- ကလိန်‌အောင်စာစစ်ဌာန(၁)ခုထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၆ ဦး ဝင်ရောက် ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့